Monday, March 18, 2013

Keylogger များအကြောင်း

imagebam.com

၁။ ကီးလော့ဂါဆိုတာဘာလဲ ?
ကီးလော့ဂါဆိုတာ သင်ဘာလုပ်နေတယ်ဆိုတာ ထောက်လှမ်းတဲ့ Spy Software တစ်မျိုးပါပဲ။ အရွယ်အစားအားဖြင့်လည်း အလွန်ငယ်တဲ့ software ဖြစ်တယ်။ သင့်ကွန်ပျူရဲ့ကီးဘုတ်ပေါ်မှာ သင်ရိုက်သမျှကို မှတ်သားထားပြီး ဒီ software ထည့်သွင်းသူပို ပြန်ပြပါလိမ့်မယ်။ ကီးလော့ဂါတွေကနေတဆင့် သင့်ရဲ့ အီးမေး password လိုမျိုးအရေးကြီးတဲ့အချက်အလက်တွေကို ဟက်ကာတွေဆီကို ပြန်ပို့ပေးပါတယ်။ နောက်ပိုင်းထွက်လာတဲ့ ကီးလော့ဂါတွေဆိုရင် သင့်ကွန်ပျူတာမှာ ရှိတဲ့ webcam က ပုံရိပ်တွေအထိပါ မှတ်သားပြီး program ထည့်သွင်းသူကို ပြန်ပို့ပေးပါတယ်။

၂။ ကီးလော့ဂါဘယ်နှမျိုးရှိလဲ ?
ကီးလော့ဂါနှစ်မျိုးနှစ်စားရှိပါတယ်။
(က) Software ကီးလော့ဂါ
(ခ) Hardware ကီးလော့ဂါ ဆိုပြီးတော့ရှိပါတယ်။
Software ကီးလော့ဂါဆိုတာ မိမိကွန်ပျူတာထဲကီးဘုတ်မှာရိုက်သမျှကို မှတ်ထားတဲ့ Software လေးတစ်ခုဖြစ်ပြီး Hardware ကီးလော့ဂါကတော့ ကီးလော့တွေကို မှတ်သားဖို့အထူးပြုလုပ်ထားတဲ့ ကိရိယာလေးတစ်ဖြစ်ပါတယ်။

၃။ ကီးလော့ဂါတွေဘယ်လိုအလုပ်လုပ်လဲ ?
ကီးလော့ဂါတစ်ခုကို ကွန်ပျူတာထဲမှာ install အလုပ်ခံလိုက်ရပြီဆိုတာနဲ့ ဒီကီးလော့ဂါဟာ ကီးဘုတ်က ရိုက်သမျှကီးတွေကို လိုက်မှတ်တော့တာပဲ။ ကီးလော့ဂါ အလုပ်လုပ်နေတယ်ဆိုတာကို မမြင်နိုင်ပါဘူး။ သူက ကွန်ပျူတာရဲ့ background မှာလှုပ်ရားပြီးသူ့အလုပ်သူလုပ်နေတာပါ။ သင့်ကီးဘုတ်ကရိုက်သမျှ key တွေနဲ့ Facebook တို့ G-mail တို့ရဲ့ အကောင့် password တွေကို အီးမေးကနေတဆင့် ဒါမှမဟုတ် FTP လိုမျိုးတွေကနေတင့် ဟက်ကာတွေဆီကို ပို့ပေးပါတယ်။

၎။ ကီးလော့ဂါတွေကို သူများကွန်ပျူတာထဲထည့်ဖို့အတွက် ဟက်ကာတစ်ယောက်လိုမျိုး ကွန်ပျူတာ ကျွမ်းကျင်ဖို့ လိုပါသလား ?
မလိုပါဘူး။ အခုနောက်ပိုင်းထွက်လာတဲ့ tools တွေကိုအသုံးပြုပြီး ဘယ်သူမဆို သာမာန်လောက် ကွန်ပျုတာကျွမ်းကျင်ရုံနဲ့ ကီးလော့ဂါတွေကို သူများကွန်ပျူတာထဲထည့်လို့ရနေပါပြီး

၅။ ဘယ် tools တွေသုံးပြီးဘယ်လိုလုပ်ရမှာလဲ။ ?
သုံးရမဲ့ tools တွေနဲ့လုပ်ပုံလုပ်နည်းတွေကို ဆက်လက်ဖေါ်ပြပေးသွားပါမယ်။

No comments:

Post a Comment