Thursday, May 2, 2013

၁၅၀၀ တန်ဖုန်းရဲ့ Internet Setting

၁၅၀၀ တန်ဖုန်းတွေပေါ်လာတယ် CDMA 800 ဆိုတော့ အရင်ဖုန်းတွေလိုမျိုး စက်တင်တွေချိန်တယ် ... မရဖြစ်နေကြတယ်။ ... ဘာညာသာရကာလေးကြည့်ရင်း  ၁၅၀၀ တန်ဖုန်းလေးအင်တာနက်ချိန်နိုင်အောင် ဒါလေးတင်ပေးလိုက်တယ်။

၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ ၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )
APN – #777
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mectel@c800.mm
Password – 0000
Server – ဘာမှမထည့်ရပါ
MMSC – ဘာမှမထည့်ရပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပြီ သုံးပေတော့ဗျာ။ ........

Tuesday, April 2, 2013

ှSudoku Solver (လွယ်လွယ်နဲ့ Sudoky ကို အဖြေရရအောင်)

imagebam.com


soduku puzzle ကို မနည်းအဖြေရှာရတယ်၊ခေါင်းတွေကုတ် စာရွက်ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေလိုက်ရတာ ...................... အခုတော့ ၂စက္ကန့်တောင်မကြာဘဲ အဖြေထုတ်နိုင်ပါပြီ 

Download: ဒီမှာဒေါင်းလိုက်ပါ

Friday, March 29, 2013

CCleaner

imagebam.com
 Registry တွေပြင်ဖို့နဲ့၊ အသုံးမလိုတဲ့ ဖိုင်တွေကိုရှင်းလင့်ဖို့ CCleaner ကိုသုံးကြပါတယ်။ အွန်လိုင်းမှာ Free Version ကို အလွယ်တကူဒေါင်းလုပ်ဆွဲသုံးနိုင်ပါတယ်။ ပေါ့ပါးပြီး အကျိုးများတဲ့ ပရိုဂရမ်လေးဖြစ်လို့လဲ လူကြိုက်များကြပါတယ်။ အခုတင်ပေးတာကတော့ Profession Version ပါ။ ဘယ်လို install လုပ်ရမယ် ဘယ်လို Crack လုပ်ရမယ်ဆိုတာကတော့ .ifo ဖိုင်ထဲမှာရေးထားပါတယ်။ အရေးကြီးတာတစ်ခုက .ifo ဖိုင်ကို အလွယ်တစ်ကူ Double Click လုပ်ပြီးမဖွင့်ပဲ Right Click ထောက်ပြီး notepad နဲ့ဖွင့်ဖို့ပါပဲ။

Download: ဒီနေရာကိုနှိပ်ပါ
Password: @password

Monday, March 18, 2013

DLL-Files Fixer

imagebam.com

DLL ဖိုင်တွေကို ပြုပြင်ပေးတဲ့ Software ဖြစ်ပါတယ်။ မိမိတို့ရဲစက်ထဲကို software တွေ Game တွေ သွင်းတာဖျက်တာလုပ်ရင်းနဲ့ DLL ဖိုင်တွေမှာ error တွေဖြစ်နေတတ်ပါတယ်။ DLL ဖိုင်အမှားတွေကြောင့် ဝင်းဒိုးဟန်းသွားတာ (ဘာမှလှုပ်မရဖြစ်တာ)မျိုး၊ program တွေ ကောင်းကောင်းအလုပ်မလုပ်တာ။ လုပ်နေရင်းပြုတ်ပြုတ်ကျတာတွေဖြစ်တတ်ပါတယ်။ ဒါတွေကိုပြုပြင်ပေးဖို့အတွက် အကောင်းဆုံး tools ကတော့ DLL-Fixer ဖြစ်ပါတယ်။ .....

Download: http://www.mediafire.com/?z00849uy0x7s3jb
Password: @password

Keylogger များအကြောင်း

imagebam.com

၁။ ကီးလော့ဂါဆိုတာဘာလဲ ?
ကီးလော့ဂါဆိုတာ သင်ဘာလုပ်နေတယ်ဆိုတာ ထောက်လှမ်းတဲ့ Spy Software တစ်မျိုးပါပဲ။ အရွယ်အစားအားဖြင့်လည်း အလွန်ငယ်တဲ့ software ဖြစ်တယ်။ သင့်ကွန်ပျူရဲ့ကီးဘုတ်ပေါ်မှာ သင်ရိုက်သမျှကို မှတ်သားထားပြီး ဒီ software ထည့်သွင်းသူပို ပြန်ပြပါလိမ့်မယ်။ ကီးလော့ဂါတွေကနေတဆင့် သင့်ရဲ့ အီးမေး password လိုမျိုးအရေးကြီးတဲ့အချက်အလက်တွေကို ဟက်ကာတွေဆီကို ပြန်ပို့ပေးပါတယ်။ နောက်ပိုင်းထွက်လာတဲ့ ကီးလော့ဂါတွေဆိုရင် သင့်ကွန်ပျူတာမှာ ရှိတဲ့ webcam က ပုံရိပ်တွေအထိပါ မှတ်သားပြီး program ထည့်သွင်းသူကို ပြန်ပို့ပေးပါတယ်။

၂။ ကီးလော့ဂါဘယ်နှမျိုးရှိလဲ ?
ကီးလော့ဂါနှစ်မျိုးနှစ်စားရှိပါတယ်။
(က) Software ကီးလော့ဂါ
(ခ) Hardware ကီးလော့ဂါ ဆိုပြီးတော့ရှိပါတယ်။
Software ကီးလော့ဂါဆိုတာ မိမိကွန်ပျူတာထဲကီးဘုတ်မှာရိုက်သမျှကို မှတ်ထားတဲ့ Software လေးတစ်ခုဖြစ်ပြီး Hardware ကီးလော့ဂါကတော့ ကီးလော့တွေကို မှတ်သားဖို့အထူးပြုလုပ်ထားတဲ့ ကိရိယာလေးတစ်ဖြစ်ပါတယ်။

၃။ ကီးလော့ဂါတွေဘယ်လိုအလုပ်လုပ်လဲ ?
ကီးလော့ဂါတစ်ခုကို ကွန်ပျူတာထဲမှာ install အလုပ်ခံလိုက်ရပြီဆိုတာနဲ့ ဒီကီးလော့ဂါဟာ ကီးဘုတ်က ရိုက်သမျှကီးတွေကို လိုက်မှတ်တော့တာပဲ။ ကီးလော့ဂါ အလုပ်လုပ်နေတယ်ဆိုတာကို မမြင်နိုင်ပါဘူး။ သူက ကွန်ပျူတာရဲ့ background မှာလှုပ်ရားပြီးသူ့အလုပ်သူလုပ်နေတာပါ။ သင့်ကီးဘုတ်ကရိုက်သမျှ key တွေနဲ့ Facebook တို့ G-mail တို့ရဲ့ အကောင့် password တွေကို အီးမေးကနေတဆင့် ဒါမှမဟုတ် FTP လိုမျိုးတွေကနေတင့် ဟက်ကာတွေဆီကို ပို့ပေးပါတယ်။

၎။ ကီးလော့ဂါတွေကို သူများကွန်ပျူတာထဲထည့်ဖို့အတွက် ဟက်ကာတစ်ယောက်လိုမျိုး ကွန်ပျူတာ ကျွမ်းကျင်ဖို့ လိုပါသလား ?
မလိုပါဘူး။ အခုနောက်ပိုင်းထွက်လာတဲ့ tools တွေကိုအသုံးပြုပြီး ဘယ်သူမဆို သာမာန်လောက် ကွန်ပျုတာကျွမ်းကျင်ရုံနဲ့ ကီးလော့ဂါတွေကို သူများကွန်ပျူတာထဲထည့်လို့ရနေပါပြီး

၅။ ဘယ် tools တွေသုံးပြီးဘယ်လိုလုပ်ရမှာလဲ။ ?
သုံးရမဲ့ tools တွေနဲ့လုပ်ပုံလုပ်နည်းတွေကို ဆက်လက်ဖေါ်ပြပေးသွားပါမယ်။

Hi-Logic Font Creator Professional

imagebam.com မိမိနှစ်သက်ရာ Fonts တွေဖန်တီးလို့ရမယ်။ ရှိပြီးသား Fonts တွေကိုလည်း ကြိုက်သလိုပြင်ဆင်လို့ရမဲ့ program လေးဖြစ်ပါတယ်။ Serial လည်းပါပြီးသားပါ။ ....
Download: http://www.mediafire.com/?6k77yub0qx0ydt9
Password: @password

ဒို့တဏှာနည်းပညာဘလော့စတင်လိုက်ပါပြီ

ဒို့တဏှာအစည်းအရုံး၏ ဒုတိယခြေလှမ်းအဖြစ် ဒို့တဏှာအစည်းအရုံး (နည်းပညာ) ဘလော့ကိုစတင်လိုက်ပါတယ်။ ဒီဘလော့မှာ နှာသခင်နှင့် အပေါင်းအပါများရဲ့ သရှိသရွေ့လက်လှမ်းမီသရွေ့လေ့လာထားတဲ့ လက်တွေ့အသုံးဝင်ပွဲတွေ့နည်းပညာများကို မိတ်ဆွေများအား လက်ဆင့်ကမ်းပေးမှာဖြစ်ပါတယ်။ ......

နှာသခင်